စတင်နိုင်ဖို့အတွက် (နည်း - ၁ )Start -> All Programs -> Microsoft Office Word 2007 ကို ကလစ်ပါ။ ( သို့) (နည်း - ၂ ) Desktop တွင်ရှိသော Microsoft Office Word 2007 ဆိုသည့် Shortcut Icon အား Double ကလစ်ဖြင့် ဖွင့်ပါ။
နည်း - ၁
နည်း - ၂
ဖွင့်ပြီး ပြီ ဆိုရင် ပထမဆုံး စာရွက် အရွယ်အစား(size) ရွေးချယ်ပေးပါမယ်။ ဖွင့်လိုက်တဲ့အခါမှာ Home ဆိုတဲ့ Menu နဲ့ ပွင့်လာမှာပါ။ အဲဒီ menu အုပ်စုထဲက နေ Page Layout ကို ရွေးပြီး Size ကို ထပ်သွားပါ။ ပြီး ရင် လိုချင်တဲ့ size ကို / စာရွက် အမျိုးအစားကို ရွေးပေါ့။ အဲဒီထဲမှာ မပါဘူး ဆိုရင် More Paper Sizes ကို ထပ်ကလစ်ပါ။ နားလည် သဘောပေါက်မှု လွယ်ကူ စေရန် အောက်ပါ ပုံကိုကြည့်ပါ။
ပြီးရင် Font ပြောင်းပါမယ်။ ဒါကြောင့် Home ကို ပြန်သွားပါ။ ပြီးရင် ဖောင့် အမျိုး အစားရဲ့ အစ စာလုံးကို ရေးထည့်ပါ။ ပြီးရင် Enter ခေါက်ပါ။ အခု မြန်မာဖောင့်ကို Zawgyi-One အသုံးပြုပါမယ်။ အဲဒါ ကြောင့် Z တစ်လုံးတည်းကို ရေးထည့်ပါမယ်။ ဖောင့် Size ကို တော့ 11 နဲ့ ထားပါမယ်။ ခေါင်းစဉ် ရေး မယ် ဆိုရင်တော့ Font Size ကို 13.5 နဲ့ အသုံးပြုပါမယ်။ Win-innwa ဆိုရင်တော့ သာမန် အရွယ်ကို 12 ခေါင်းစဉ်ကို 14 ထားပါမယ်။ အောက်ပါ ပုံကို ကြည့်ပါ။
==>> အခန်းဆက် သင်ခန်းစာ ဖြစ်ပါသဖြင့် ဆက်လက် စောင့်မျှော်ဖတ်ရှု ပေးပါရန် -
စာဖတ်သူအား အစဉ်လေးစားလျှက် -
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။