သေချာတာကတော့ Search Engine အနေနဲ့ အသုံးပြုမှာတော့ သေချာပါတယ်။ အောက်ပါပုံ ကို ကြည့်ပါ။ ဘယ်လို အသုံးပြုထားသလဲ ဆိုတော့ ။
အဘိဓာန် အနေနဲ့ အသုံးပြုထားတာပါ။ Dictionary တစ်ခုလိုပေါ့။ :D ။ ကိုယ်က ဘိုလို ကျွမ်းရင်တော့ အကြောင်း မဟုတ်ပါဘူး။ writen နဲ့ written ကို ခွဲခြား တဲ့အနေနဲ့ အသုံးပြုထားတာပါ။ လိုလျင်ကြံဆ နည်းလမ်း ရ ဆိုတဲ့ စကားလုံး ကို လက်တွေ့ကျကျ အကောင် အထည်ဖော်ကြည့်တာပါ။
တစ်ဆက်တည်း တစ်ခုပြောချင်ပါတယ်။ Search အတွက်ပဲ သုံးမယ်ဆိုရင်လည်း မိုဇီလာရဲ့ ညာဘက်ထောင့် ကနေ ရှာဖွေဖို့ကို မမေ့စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ loading အချိန် အတွက် ကြံ့ကြာနေတတ်လို့ပါ။ မြန်မာ ပြည်မှာ အင်တာနက် သုံးနေသူများအတွက် အဓိက ရည်ရွယ်ချင်ပါတယ်။ နောက် တစ်ခုက ဖွံ့ဖြိုးပြီးနိုင်ငံများ - ကွန်နက်ရှင်ကို ဒုံးကျည် လို သုံးနေသူများအတွက် ကတော့ အချိန်ကို အကျိုးရှိရှိ သုံးနိုင်လို့ ဖော်ပြပေးတာပါ။ အောက်ပါ ပုံကို လေ့လာပါ။
နည်းနည်းလေး အကျိုးပြုတယ် ဆိုရင်ပဲ ကျေနပ်ပါပြီ။
အဆင်ပြေစေ။
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။