Useful blogs and websites for my readers

ရောက်လာသူတွေအတွက် အသုံးတည့်မယ့် နေရာလေးတွေကို ရှဲထားပါတယ်။ သူများတွေဆီကနေ စုထားတာဖြစ်ပါတယ်။ အကုန်လုံး ကောင်းတယ်လို့အာမခံပါတယ်။ ကြိုက်တာ မကြိုက်တာတော့ စာဖတ်သူရဲ့ သတ်မှတ်မှုပေါ့။ :)

Softwares Free Download

စာဖတ်သူတွေ အသုံးတည့်မယ့် ဆော့ဝဲလ်တွေကို တင်ပေးနေတဲ့ ကဏ္ဍဖြစ်ပါတယ်။ အဆင်ပြေမယ်လို့ အာမခံပါတယ်။ အဆင်ပြေကြ ပါစေလို့လည်း ဆန္ဒပြုပါတယ်။

Tutorials ( PHP,HTML,C#,Premier pro)

သခန်းစာတွေကို စုစည်းထားတာဖြစ်ပါတယ်။ မရှင်းလင်းတာရှိခဲ့ရင် kochinsarthu@gmail.com ဆီဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Tips and Trick for blogger and junior administrators

ဒီအခန်းကဏ္ဍမှာတော့ Blogger တွေအတွက် အသုံးဝင်မယ့် နည်းလမ်းတွေကို ဝေမျှပေးနေတာဖြစ်ပါတယ်။ တစ်ခြားသိသင့်သိထိုက်တာ တွေကိုလည်း တင်ပေးနေပါတယ်။ ကျွန်တော်ကိုယ်တိုင်ရေး နဲ့ တိုက်ရိုက်ဘာသာပြန်၊ ဆီလျော်အောင် ဘာသာပြန် များကို တင်ပေးနေတာဖြစ်ပါတယ်။

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Pages

Showing posts with label သတင်း / News. Show all posts
Showing posts with label သတင်း / News. Show all posts

Monday, November 21, 2011

Myanmar 3

 http://api.ning.com/files/buZVFVj5RwujGDwdjk9BaeqJVZnsw7o*fgQYuTxFcJVpx3YZ9sri*PaeSaFA5JTozk1i2nMsEKE0QTEPs30u8eZdkwFo9aOZ/font1.png
Myanmar3
အားလုံး မင်္ဂလာပါ။
မကြာခင်မှာ ကျွန်တော်လည်း  ယူနီကုဒ်ကို အသုံးပြုပါမယ်။ အဲဒါကြောင့် ဒီပို့စ်ကို ရေးရတာပါ။ သူများတွေလို Converter တော့ မထားပါဘူး။
စစချင်းမှာတော့ ခါးခါးလေးတွေ စားရမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ရေရှည်အတွက် ဆိုပြီး အသုံးပြုရတာဖြစ်ပါတယ်။ ဖောင့်နဲ့ ပတ်သက်ပြီး လိုအပ်တာလေး တွေကို
Side bar မှာ တင်ပေးထားပါတယ်။ လက်ကွက် မထည့်သုံးရင်တောင် ဖောင့်လေးတော့ ထည့်ထားစေချင်ပါတယ်။

အဆင်ပြေကြပါစေ။

Zawgyi-One
အားလံုး မဂၤလာပါ။

အဆင်ပြေကြပါစေ။

Monday, October 31, 2011

မေးခွန်းတစ်ချို့ . . .

ဘာလုပ်ပေးနိုင်မလဲ။ ဘာလုပ်ပြီး ပြီလဲ။ လူသားချင်းစာနာမှု ဆိုတာ ဘာလဲ။


Saturday, October 29, 2011

Everton Vs Man UTD ( 29.10.2011 - SAT )

Everton 0 - 1 Man UTD








Player Rating
David de Gea 8.5
Phil Jones 8.0
Jonny Evans 6.5
Nemanja Vidic 8.5
Patrice Evra 7.0
Ji-Sung Park 7.0
Darren Fletcher 6.5
Tom Cleverley 7.0
Danny Welbeck 6.5
Wayne Rooney 7.0
Javier Hernandez 7.0

Sub:
Nani 5.0
Valencia 5.0
Berbatov 4.0
Source : https://www.facebook.com/manchesterunited

 The best player of this week -
ဒီတစ်ပတ် ပရီးမီးယားလိဒ် အကောင်းဆုံး မန်ယူကစားသမား
Evra ( ကျောနံပါတ် - 3 )

Friday, October 28, 2011

စိတ်မကောင်းပါ။

ဘယ်လိုဖြစ်တာလဲ မသိဘူးဗျာ။ အများအကျိုးပြုနေတဲ့ website ဒီလိုပုံစံတွေ့လိုက်ရတော့ စိတ်မကောင်းပါဘူး။ တစ်ယောက်ယောက်ရဲ့ လက်ချက်တော့ မဖြစ်နိုင်ဘူး။




Wednesday, October 19, 2011

ရခိုင်ကို မုန်တိုင်းငယ်တခု ၀င်ရောက်နေ

ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့နှင့်ရခိုင်ပြည်နယ် မောင်းတောမြို့ကြားမှ ကုန်းတွင်းပိုင်းကို ၀င်ရောက်နေပြီဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်၏ ရာသီဥတုဆိုင်ရာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းမုန်တိုင်းသည် သိသိသာသာအားကောင်းလာခြင်းမရှိဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကို စစ်တွေမြို့အနီးမှ ယနေ့ညပိုင်းတွင် ဆက်လက် ဖြတ်ကျော်သွားမည်ဖြစ်သည်ဟုလည်း ဦးထွန်းလွင်၏ ယနေ့ ညနေ ၄ နာရီခန့် ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါမုန်တိုင်းကို အ၀ါရောင်အဆင့်သတ်မှတ်ထားပြီး တနာရီလျှင် မိုင် ၅၀ မှ ၆၀ နှုန်းအထိ လေပြင်းများတိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်း ဒီရေ ၆ ပေမှ ၈ ပေအထိ တက်နိုင်ကြောင်း နေပြည်တော် မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနကလည်း ယနေ့ နေ့လယ် ၁၂ နာရီ ခွဲတွင် ထုတ်ပြန်ထားသည်။
မောင်းတောမြို့ ပြန်ကြားရေးဌာနက ၃၆ နာရီအတွင်း တနာရီလျှင် မိုင် ၆၀ မှ ၈၀ အကြား လေတိုက်နှုန်းရှိ မုန်တိုင်းတခုသည် မောင်းတောမြို့နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အကြား ၀င်ရောက်တိုက်ခတ်နိုင်သည်ဟု သတိပေးကြေညာကြောင်း Weekly Eleven အင်တာနက်စာမျက်နှာတွင်လည်း ရေးသားထားသည်။
မောင်းတောမြို့ရှိ ဆက်သွယ်ရေးဌာန အပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြည်နယ်အဆင့် တာဝန်ရှိသူများ၏ လမ်း ညွန်ချက်အတိုင်း မုန်တိုင်းအခြေအနေကို အချိန်ပြည့်စောင့်ကြည့်နေကြောင်း၊ အခြေအနေပေါ်မူတည်၍ ဆောင်ရွက်နိုင်ရန် နေ့၊ ည မပြတ် လုပ်ဆောင်နေရကြောင်း မောင်းတော ဆက်သွယ်ရေးဌာနမှ ဦးအောင်စိန် က ဧရာဝတီ ကို ပြောသည်။
“စိုးရိမ်ရတဲ့ အခြေအနေ လုံးဝမရောက်သေးပါ၊ မိုးကြီးပြီးတော့ လေပြင်းတော့ တိုက်နေပါတယ်၊ တနာရီ ကို မိုင် ၄၅ ၀န်းကျင် နဲ့ တိုက်နေပါတယ်”ဟု ၎င်းက ဆိုသည်။
မောင်းတောမြို့တွင် ယနေ့ နံက်ပိုင်းမှ စတင်၍ မိုးကြီးနေပြီး လေပြင်းတိုက်ခတ်နေခြင်းကြောင့် ဂီရိ မုန်တိုင်းကဲ့သို့ ဖြစ်ပေါ်လာ မည်ကို စိုးရိမ်နေကြကြောင်း  မောင်းတော မြို့ခံတချို့က ပြောသည်။
“ရေတော့ မကြီးသေးပါဘူး၊ မိုးတော့ တအားရွာနေပါတယ်၊ အာဏာပိုင် အဖွဲ့အစည်းတွေက သတိပေးတာ၊ နှိုးဆော်တာမျိုးမရှိသေးပါဘူး၊ မြို့ခံတွေကတော့ ဂီရိလိုမုန်တိုင်းမျိုး ညအချိန်မတော်ကြီး တိုက်ခတ်လာမှာ ကြောက်နေကြတယ်”ဟု မောင်းတော မြို့ခံ တဦးက ဆိုသည်။
မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဦးထွန်းလွင်၏ ရာသီဥတုဆိုင်ရာ အင်တာနက် စာမျက်နှာတွင်လည်း ဆိုင်ကလုန်း မုန်တိုင်း သည် ယနေ့ နေ့လယ်ပိုင်းမှ စ၍ အားကောင်းလာနိုင်ပြီး၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက် ပိုင်း တို့၌ မိုးကြီးနိုင်သည်ဟု ရေးသားထားသည်။
နေပြည်တော် မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးချစ်ကျော်က ယနေ့ နံက်ပိုင်းက ပြောဆိုရာတွင် မိုး/ဇလ ဌာန အနေဖြင့် မုန်တိုင်းငယ်ဟု မကြေညာထားသေးကြောင်း၊ လေဖိအားနည်းရပ်ဝန်းဟုသာ ထုတ်ပြန်ထားကြောင်း၊ သို့သော် ကမ်းရိုးတန်းဒေသကို ရောက်ရှိနေပြီဖြစ်၍ အားကောင်းလာကာ မုန်တိုင်းငယ် ဖြစ်လာနိုင်ကြောင်း ဧရာဝတီ ကိုပြောသည်။
“မုန်တိုင်းအဖြစ် အားကောင်းလာရင်တောင် ကမ်းနားမှာ ဖြစ်တာမို့လို့ သိပ်ပြီးတော့ အချိန်ကြာကြာကြီး အန္တရာယ် မပေးဘူး၊
ရခိုင်ဒေသတွေမှာ မနေ့ကတည်းက မိုးတွေရွာ၊ လေပြင်းတွေတိုက်နေပြီဆိုတော့ ကုန်းတွင်းပိုင်းကိုတော့ တဖြည်းဖြည်းရောက် လာနေပါပြီ”ဟု ဦးချစ်ကျော် က ရှင်းပြသည်။
၎င်းက ဆက်၍“ဘင်္ဂလားဒေ့ရှ်တို့၊ အိန္ဒိယတို့ကလည်းပဲ မုန်တိုင်းဖြစ်လာမယ်လို့ မကြေညာသေးပါဘူး၊ ဒါပေမယ့် ကျနော် တို့ အားလုံးက စောင့်ကြည့်နေပါတယ်၊ ညတုန်းကလည်းပဲ ရုပ်မြင်သံကြားရဲ့ မိုးလေ၀သ သတင်းက ကြေညာထား ပါတယ်၊ ဒီနေ့ သတင်းစာမှာလည်း ထည့်ထားပါတယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ မောင်းတော၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ၂ ရက်ခန့်ရှိပြီး ယနေ့နံက်ပိုင်းမှ စတင်၍ လေပြင်းများတိုက်နေကြောင်း၊ စစ်တွေမြို့၌ မိုးသည်းထန်နေပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနေကြောင်း ဒေသခံများ က ပြောသည်။
“ဒီနေ့မနက်ပိုင်း က စပြီးတော့ လေပြင်းတွေ တိုက်တာ အခုထိပါပဲ၊ မိုးကြီးနေလို့ အိမ်ပြင်ထွက်မရဖြစ်နေတယ်၊ ရေဒီယိုတွေ၊ အသံလွှင့်ဌာနတွေ၊ အာဏာပိုင်တွေကတော့ သတိပေးတာမျိုး မရှိသေးပါဘူး၊ ဂီရိတုန်းကတော့ တနာရီ မိုင် ၃၀၊ ၄၀ နှုန်းနဲ့ မုန်တိုင်းတိုက်မယ်လို့ ရေဒီယိုက ကြေညာတယ်၊ တကယ်တိုက်တော့ မိုင် ၁၀၀ ကျော်နဲ့တိုက်ခတ်တာ ခံလိုက်ကြရတယ်”ဟု စစ်တွေမြို့ခံ တဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ အမ်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ စသည့် မြို့နယ်များသို့ တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ဂီရိဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက် တိုက်ခဲ့ရာ လူဦးရေ ၂ သိန်းဝန်းကျင် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၀၀ နီးပါး သေဆုံးခဲ့သည်။


Source : http://burma.irrawaddy.org/?p=1316

Web Informer Button
Related Posts Plugin for WordPress, Blogger...