ကျွန်တော့် လက်သုံးစကားဖြစ်တဲ့ သတိမမူဂူမမြင် ၊ သတိမူတော့ မြူပင်မြင် ဆိုသလို . .. သတိထားဖို့ ဖြစ်ပါတယ် သတိမထားတော့ ဘာဖြစ်လဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ငွေနဲ့ ပေးဝယ်လို့ မရနိုင်တဲ့ အချိန်၊ အချိန်ကုန် သက်သာစေတယ်လို့ ဆိုရမှာပေါ့။
IDM( Internet Donwload Manager) အသုံးပြုနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အလိုအလျောက် ထားပေးတဲ့ ဖိုဒါကို မသုံးဘဲနဲ့ မိမိ ရဲ့ Portable Flash Drive ( မေမိုရီ စတစ်/ကဒ်) အတွင်းသို့ တိုက်ရိုက် သိုလှောင်စေခြင်းကို ဆိုပါတယ်။
ပထမဆုံး IDM ကိုဖွင့် ပါ။ ကြိုက်တဲ့ နည်းနဲ့ ဖွင့်လို့ရပါတယ်။ task bar ရဲ့ ညာဘက်အောက်ထောင့် ကနေတစ်ဆင့်လည်း ဖွင့်လို့ရပါတယ်။( ပုံကိကြည့်ပါ။)
( ပုံ-၁)
IDM ပုံကို Double Click နှစ်ချက်နဲ့ဖွင့်ပြီး Main Window ပေါ်လာပြီဆိုရင်တော့ Options ကို သွားပါ။ ပြီး ရင် နောက်ထပ် Internet Download Manager Configuration (ပုံ-၂) ကို တွေ့ရမှာပါ။ အဲဒီထဲကမှ Save to ဆိုတဲ့ tab ကိုကလစ်ပါ။ ပြီးရင်
Default download directory for "General" category ဆိုတာ ရဲ့ အောက်/ဘေး မှာရှိနေတဲ့ Browse ဆိုတာကို ကလစ်လိုက်ပါ။ အဲဒီနောက် (ပုံ-၃) Browse For Folder ဆိုတဲ့ Pop-up window တစ်ခု ထပ်ပေါ်လာပါမယ်။ အဲဒီမှာ ကိုယ့် Memory Stick ,ဥပမာ - E: , G: , F: စသည့် တွေ့နိုင်ပြီး မိမိသိမ်းလိုသည့် Folder အထိ တိုက်ရိုက်သိမ်းနိုင်သည်။
အနည်းဆုံးတော့အချိန် ကုန်သက်သာပါတယ်။ 2 mbs , 3 mbs လောက်ကော်ပီကူးတာ မသိသာပေမယ့် 100 , 1000 , 2000 mb sလောက် ဆိုရင်တော့ နာရီဝက်၊ တစ်နာရီလောက် ကော်ပီကူးချိန်သက်သာ သွား မှာပါ။ ပိုက်ဆံ ကုန်သွားတာ ပြန်ရှာလို့ ရပါတယ်။ အချိန်ကုန်သွားတာ ဘာနဲ့ ပြန်ရှာမလဲ
ကျွန်တော် ကိုယ်ချင်းစာသူကတော့ အဖြေမသိပါ။
အဆင်ပြေကြပါစေ။
- ကိုယ်ချင်းစာသူ
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။