ကွန်ပျူတာ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ Software လေးပါ။ စက်တိုင်း ဒီ ဆော့ဝဲလ် မဟုတ်ပေမယ့် ဒီလို ဟာလေး တစ်ခုခု တော့ ရှိနေမှ ကို ဖြစ်မှာပါ။ ဒါကြောင့်အခမဲ့ လည်းရပြီး အသုံးပြုရ လွယ်ကူတဲ့ ဒီ CCleaner အသုံးပြုနည်း + Instllation လေး အတိုချုံး ဖော်ပြပေးလိုက်ပါတယ်။
System Requirements
Runs on Microsoft Windows 7, Vista, XP and 2000. Including both 32-bit and 64-bit versions.
SOftware မရှိသေးဘူး ဆိုရင် အောက်လင့်ခ် တစ်ခုခု မှာဒေါင်းပေးပါ။
Filehippo | Cnet
Download လုပ်ပြီးပြီ ဆိုရင် အဲဒီ ဆော့ဝဲလ် ကို install ( စက်သို့ ထည့်သွင်းခြင်း ) ပြုလုပ်ရမှာပါ။ ဒေါင်းလိုက်တာ ဘယ်ရောက်သွားလဲ ဆိုတာ မသိရင် ပုံ-၁ အတိုင်း Download လုပ်ပြီး နေတဲ့ box ကို right click ထောက်ပြီး Open Containing Folder ကို ကလစ်ပါ။ Software ရှိနေတဲ့ နေရာ ကို ရောက်သွားပါလိမ့်မယ်။ ပြီး ရင် သူ့ကို Double Click ( click နှစ်ချက်) နဲ့ ဖွင့်ပါ။
ပုံ - ၁
ပုံ-၂ အတိုင်း Security Warning ဆိုတဲ့ box အချက် ပေါ်လာရင် Run ကို နှိပ် ပြီး ဆက်သွားပါ။
ပုံ-၂
ပြီး ရင် language ရွေးခိုင်းပါလိမ့်မယ်။ ကိုယ်က အင်္ဂလိပ် ကျွမ်းတယ်ဆိုတော့ English ကို ပဲ ထားလိုက်ပါ။
OK ကို နှိပ်ပြီး ဆက်သွားပါ။ ပြီးရင် Next -
ပုံ -၃
ပုံ - ၎
နောက်တစ်ဆင့်က ပုံ - ၅ အတိုင်း တွေ့ရမှာ ဖြစ်ပြီး I agree ကို ကလစ်ပါ။
ပုံ - ၅
ပြီးရင် တော့ နောက်တစ်ဆင့် install options မှာ ဒီအတိုင်းထားလိုက်ပြီး Next ကို သာ ဆက်သွားပါ။ ပုံ - ၆ ကိုကြည့်ပါ။
ပုံ - ၆
နောက်တစ်ဆင့်က လည်း ဒီအတိုင်းလေးပဲ ထားလိုက်ပြီး Install ကို click လုပ်ပါ။
ခဏစောင့်လိုက်ပါ။ ပြီးရင် Finish ကို ကလစ်ပါ။ ပုံ - ၇ ကိုကြည့်။
ပုံ - ၇
Desktop မှာ icon လေးကို တွေ့နေရပြီ ဖြစ်ပါတယ်။
ပုံ - ၈
အခု ဆိုရင် စတင် အသုံးပြုလို့ ရပါပြီ။အဲဒါကို နှစ်ချက် ကလစ်ပြီး စတင် အသုံးပြုလို့ရပါပြီ။ သူ့ Official Webiste တော့ http://www.piriform.com ဖြစ်ပါတယ်။ အဲဒီမှာ တစ်ခြား ဗားရှင်းကို ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
သူများ တင်ထားတဲ့ မူဗီကို ကြည့်ကြည့်လိုက်ပါဦး။
နောက်တစ်ခု
အဆင်ပြေမယ် ထင်ပါတယ်။ သဘော မပေါက်သေးရင် ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှုပေးပါ။
"နည်းပညာ လေ့လာ သူများကို တတ်မှတ်သလောက်နဲ့ ကူညီဖို့ အမြဲ အဆင်သင့်ဖြစ်နေတဲ့. . ."
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။