မူဗီ တစ်ခုကို youtube မှာ တွေ့လိုက်ပြီ ဆိုတာရင် ၊ အဲဒါကို ကြိုက်တယ်ရှဲ ချင်တယ် ဆိုရင် ပထမဆုံးသူ့ကို ဖွင့်ကြည့်ရပါမယ်။ မူဗီရဲ့ အောက်မှာ Share ဆိုတဲ့ စာလုံးလေး တွေ့မှာပါ။ အဲကို ကလစ်လိုက်ရင် သူ့အောက်မှာ မူဗီလင့်ခ် ပေါ်လာမယ် ။ မူဗီလင့်ခ် ရဲ့ အောက်မှာ Embed ဆိုတဲ့ စာလုံး ထပ်ပေါ် လာမယ်။ သူ့ကို ထပ် ကလစ်လိုက်ရင် ကူးယူဖော်ပြရမယ့် ကုဒ်လေး ပေါ်လာပါမယ်။ အဲဒါလေးကို ကူးပြီး Blogger ရဲ့ Post မှာ Edit HTML mode ထဲ မှာ ထည့်သွင်းလိုက်ရုံပါ။ ကုဒ်ရဲ့ အောက်မှာ မူဗီ အရွယ်အစားလည်း ရွေးလို့ရပါတယ်။ အရွယ်အစား အရင်ရွေးပြီး ကုဒ်ကို ကူးရမှာပါ။
အောက်က ပုံကို လေ့လာကြည့်ပါ။ သဘော မပေါက်သေးရင် စာကိုပြန်ဖတ် ၊ ပုံကို ပြန်ကြည့် - ကြည့်လိုက် ဖတ်လိုက်ပေါ့။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။