Pages

Thursday, November 10, 2011

ဖျက်ရမှာ အားမနာပါနဲ့။

အပေါ်က ပုံကို ကြည့်လိုက်တာနဲ့ သိနိုင်မယ် ထင်ပါတယ်။ ကျွန်တော် ပြောပြချင်တာက အင်တာနက်သုံး ပြီးသွားတာနဲ့ ဖျက်ပစ်ဖို့ မမေ့သင့်တာပေါ့။ ဘယ်သူ့ အကောင့် သုံးထားလဲ ဆိုတာကို အပေါ်က ပုံလိုမျိုး တွေ့ နိုင်ပါတယ်။ regedit ကနေတစ်ဆင့် ဝင်ကြည့်ရင်လည်း Google talk ဘယ်သူ့အကောင့်တွေ သုံး ထားလဲ ဆိုတာ သိနိုင်ပါတယ်။ 

ပြီးတော့ နောက်တစ်ခု က run မှာ recent လို့ ရေးထည့်လိုက်ရင် ဘာဖိုင်တွေ ဖွင့်ကြည့်ထားလဲ ဆိုတာကိုလည်း သိနိုင်ပါတယ်။ အောက်က ပုံလိုမျိုးပေါ့။ 



(OK ကြေငြာပါ ဝင်ထားသေးတယ်နော် :D)

ဆိုတော့က ကိုယ်က အကောင်းတွေချည်းပဲ ဖွင့်ကြည့်တယ် ထားဦး ကိုယ်ရှေ့က တစ်ယောက်က ဘာညာ ကိကွ ဖွင့်ကြည့်သွားတယ်ဆိုပါစို့။ ဥပမာ - F***king Movie(မျက်စိနဲ့ မဖတ် ဖဝါးနဲ့ ဖတ်ပါ :) ) ဆိုပါတော့ ကိုယ်ကလည်း အဲဒီ စက်မှာသုံးတယ်။ ထသွားတော့ မဖျက်မိဘူး။ ကိုယ်နောက်ဝင်တဲ့သူက ကိုယ့်ကို တွေ့ရော ဒါမှ မဟုတ် ကောင်တာမှာ ထိုင်နေတဲ့ ချောချောလေးက ဖွင့်ကြည့်တယ်ထား အဆင်ပြေမယ်ထင်ပါသလား။

ခက်တာကလေ လူသေ စေနိုင်တဲ့ အဆိပ်ကိုတောင် လူကို သတ်ချင်တဲ့အခါ သုံးကြသေးတာကိုး အတော်လေးလည်း ဆိုးဝါးနိုင်တဲ့ တွေးတော ကြံဆမှုတွေပါပဲ။

င်္ဘယ်လို ဖျက်မယ်ဆိုတာတော့ မပြောတော့်ပါဘူး။ အဖြေမပြောဘူးလို့ထင်ကောင်း ထင်နိုင်ပါတယ်။ လိုအပ် ရင်တော့လည်း ပြောပါမယ်။ ဒါပေမယ့် သိပြီးသား ဖြစ်လျက်နဲ့ မေ့နေသူများအတွက် အကြံအညာဏ်လေး နှိုးဆော်ပေးရုံ သက်သက်ပါ။



အဆင်ပြေပါစေ။
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com

0 comments:

Post a Comment

အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Web Informer Button
Related Posts Plugin for WordPress, Blogger...