သင် ကြည့်ရှု လည်ပတ်ချင်တဲ့ Website တွေကို သင့် ကျောင်းကဖြစ်ဖြစ် ၊ ရုံးက ဖြစ်ဖြစ် ( မြန်မာ ပြည်မှာတော့ အင်တာနက်ဆိုင်က ဖြစ်ဖြစ် ) ပိတ်ထားသလား ? ဘယ် social networking sites မှာ မှ ပါဝင်ခွင့် မရှိဘူး ဖြစ်နေလား။ ဒါက သက်ဆိုင်ရာ(ကျောင်း၊ရုံး) တွေက block လုပ်ထား လို့ပါ။ သင် သိသမျှ proxy website တွေကိုလည်း သူတို့က ပိတ်ထားပြီး ဖြစ်နေသလား?။ အဲဒီ ပိတ် ထား ခံရတဲ့ site တွေဆီ သွားလည်ဖို့ နည်းလမ်း တစ်ခုခု များ ရှိနေသေးလား။
ကောင်းပြီ ၊ ရှိပါတယ်။ ဒါပေမယ့် သင့် ကိုယ်ပိုင် proxy website ပြု လုပ်ရပါမယ်။ သင်က proxy site တစ်ခု လုပ်ဖို့ မလုပ်နိုင်သေးဘူးလား။ မပူပါနဲ့ free proxy scripts တွေ net ပေါ်မှာ အခမဲ့ download လုပ်ခွင့် ပေးပါတယ်။ အဲဒါတွေကို အသုံးပြုပြီး anonymous proxy site ပြုလုပ်လို့ ရပါ တယ်။ ဒါကို ကျော်ကြည့်ချင်တဲ့အခါတွေမှာ သုံးဖို့ပါ။ ဒီ သင်ခန်းစာမှာ coding skill အများ ကြီး မလိုအပ်ပဲ မြန်ဆန်ပြီး လွယ်ကူတဲ့ free proxy website ပြုလုပ်နည်း ကို ပြောပြပါမယ်။
သင့် Script ကို run နိုင်မယ့် FREE WEBHOST တစ်ခု ရယူပါ။
အစီအစဉ်အရာ သင့် script တွေကို run ဖို့အတွက် သင့် ကိုယ်ပိုင် webhost တစ်ခုခု မှာ အရင် တင်ထားဖို့ လိုပါတယ်။ proxy script run ဖို့ အတွက် သင့် အနေနဲ့ ဘယ် Free Web hosting Sevice မှာဖြစ်ဖြစ် register လုပ်လို့ ရပါတယ်။ဒီနေ့ ခေတ်မှာတော့ Free webhost တွေ အများ အပြား တွေ့နိုင်ပါပြီ။ တစ်ခုသာ သတိထားစရာ ရှိတာပါ။ အဲဒါက PHP Script ကို အထောက်အပံ့ ပေးဖို့ တော့ လိုအပ်ပါတယ်။ Space အနေနဲ့ ကတော့ kb အဆင့် အနည်းငယ်မျှသာ ရှိပါတယ်။ Free webhost ကို ဒီ http://www.free-webhosts.com/free-php-webhosting.php မှာ ရှာကြည့် နိုင် ပါတယ်။
FREE PROXY SCRIPTS
ကဲ အခုတော့ သင့်မှာ webhost တစ်ခု ရှိနေပြီပေါ့ဗျာ။ သင် လိုအပ်တဲ့ proxy script ကို download လုပ်ပြီး webhost ဆီ upload လုပ်ဖို့ လိုအပ်ပါတယ်။ တစ်ချို့ php နဲ့ CGI အခမဲ့ proxy script ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
သင့် script တွေကို webhost မှာ install ပြုလုပ်ပြီးသွားရင် script ကို run ဖို့ အတွက် site ကို သာ ဖွင့်လိုက်ပါ။ ဥပမာ ကျွန်တော် script ကို www.yoursite.20x.cc/proxy မှာ upload လုပ်ထား တယ်ဆိုရင် www.yoursite.20x.cc/proxy ကိုသွားပြီး proxy ကို သုံးနိုင်ပါပြီ။
ဒီ script အားလုံး က သင့်ကို net ပေါ်မှာ anonymous အနေနဲ့ ခေါ်ဆောင်သွားပေးမှာပါ။ ဒါပေမယ့် ရံဖန်ရံခါတော့လည်း ခေတ်နောက် ပြန်ဆွဲ သလို ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ youtube, ads တို့မှာ သုံးတဲ့ flash တွေကို အထောက် အပံ့ မပေးပါဘူး။ တကယ်လို့ အဲဒါတွေကို အထောက် အပံ့ပေးချင်တယ် ဆိုရင်တော့ Script ကို ပြုပြင်ရပါမယ်။ Hack ရမယ်ပေါ့ဗျာ။ နောက်ပြီး update လည်း လိုအပ်ပါလိမ့်မယ်။ တကယ်လို့ များ Streamming media တွေကို အထောက် အပံ့ ဖြစ်ချင်တယ် ဆိုရင်တော့ HTTP or SOCKS proxy scripts တွေကိုသုံးပါ ဒါမှ မဟုတ် youtube plugins သုံးနိုင်ပါတယ်။(ဥပမာ - Glype proxy script အတွက် Flowplayer plugin ပေါ့။ )
သင့် Proxy site ကို သူတို့ရဲ့ Websever သိသွားလို့ ခွင့်မပြုတော့ပဲ ban ထား ပြန်တယ် ဆိုရင်တော့ တစ်ခြား Free hosting တွေ များ ကြီး ရှိပါတယ်။ ဒါ့ကြောင့် တစ်ဘန်းရင် တစ်ခေါက် အကောင့် အသစ် ပြုလုပ်ရုံပါပဲ။( ဒိုင်ရှိုလေး သုံးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ :D )
php proxy scripts အားလုံးကို သင့်ကိုယ်ပိုင် computer ရဲ့ localhost မှာ စမ်းသပ်လို့ ရပါတယ်။ anonymous အနေနဲ့ လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ။ ဒီ Proxy ကို ဆရာ/ဆရာမ တွေ ၊ ရုံးတာဝန် ရှိတွေ ( အင်တာနက်ဆိုင် Admin တွေ) လည်း သုံးနိုင်ပါတယ်။ :)
မြန်မာမှု ပြုကာ ဘာသာ ပြန်ထားခြင်းသာဖြစ်ပါသည်။
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com
http://www.techomag.com/
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။