Pages

Sunday, October 30, 2011

Getting Started in C++ ( မြန်မာလို ) - အပိုင်း - ၃

http://www.codercaste.com/wp-content/uploads/2011/02/cplusplus.jpg

Interpreters
Interpreter တစ်ခုက source code တွေကို ဖတ်တဲ့ program ဖြစ်ပြီး command တွေကို ဖတ်နေစဉ်အတွက် execute လုပ်ပါတယ်။ interpreters တွေက စစ်မှန် ဘာသာပြန်ခြင်း မရှိပါဘူး။ အခြေ ခံ အားဖြင့် PRINT ဆိုတာကို တွေ့ရင် သူ့နောက်မှာ ပါတာကို screen မှာ မဖြစ်မနေ ဖော်ပြပေးရမယ် ဆို တာကို သိတာပါ။ ဒီ လုပ်ဆောင်မှု ရဲ့ အဓိက အားသာ ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ပရိုဂရမ် တစ်ခုကို ရေးပြီးသွားတာနဲ့ ချက်ချင်း run လို့ ရခြင်း။

 လူတိုင်းက သင့်တော်တဲ့  interpreter ကို အသုံးပြုပြီး စာဖတ်သူရဲ့ program ကို run နိုင်ခြင်း သင့် ရဲ့ platform အပေါ် မမှီခိုဘဲနဲပပေါ့။ တစ်ခြား platform တွေ အတွက် ပြင်ဆင်ဖို့ မလိုအပ်ခြင်း။
ဘယ်သူမဆို သင့်ရဲ့ source ကုဒ်ကို ဖတ်နိုင် စိစစ်နိုင် ပြုပြင်နိုင်ခြင်း။ ဒါပေမယ့်
အားနည်း အမြောက်အများ လည်းရှိပါတယ်။ ပြီးတော့ interpreted language တွေကို ဒီနေ့ထိ ကျယ်ကျယ် ပြန့်ပြန့် သိပ်မသုံးကြသေးပါဘူး။
• Interpreted programs တွေက compile လုပ်တဲ့ ပရိုဂရမ် ထက်နှေးကွေးပါတယ်။  100 times ပိုနောက်ကျတာက ပြဿနာမရှိပေမယ့် တစ်ခါတလေ လည်ပတ်မှု နှုန်းအောက် ကျလာရင်တော့ လက်ခံ နိုင်စရာ မရှိပါဘူး။
ဘယ်သူမဆို source code ကို ဖတ်နိုင် စစ်နိုင် ပြုပြင်နိုင်ပါတယ်။
ဘယ်သူမဆို သင့် ပရိုဂရမ်ကို အသုံးပြုလိုရင် သင့်တော်တဲ့ interpreter ရှိကို ရရှိရပါမယ်။
တကယ်လို့ ပရိုဂရမ်ထဲမှာ PRINT] လို အမှားပါနေရင် ပရိုဂရမ် တစ်ခုကို လုပ်ဆောင်ပြီးမှ ပြဿနာ ကို ရှာတွေ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီနေရာ ရောက်မှ တွေ့တာ ကြောင့်ပါ။

Interpreted languages တွေကို ဒီနေ့ မှာတော့ ကျယ်ပြန့်တဲ့ platform တွေမှာ အသုံးပြုဖို့ လိုအပ်တဲ့ program တွေကို ရေးသားရာ မှာ သုံးကြပါတယ်။( ဥပမာ - BASIC, JavaScript တစ်ခြားတွေပါ။)  
JavaScript ဆိုရင် တစ်ခြား platform တွေ အတော်များများမှာ executed လုပ်ရမှာသေချာပါတယ်။ လုံးဝ မတူညီတဲ့ နေရာတွေမှာပေါ့။
interpreted languages တွေရဲ့ တစ်ခြား application ကတော့ scripting ဖြစ်ပါတယ်။ ဒါကို application
အများအပြားမျာ ကျယ်ကျယ်ပြန့်ပြန့် သုံးကြပါတယ်။ ( တကယ်လို့ သင်က scripting အကြောင်းမသိဘူး ဆိုရင် မစိုးရိမ်ပါနဲ့ ဘာလို့လဲဆိုတော့ မလိုလို့ပါ။)
2 ဒီအချက်က modern interpreted language တွေ မှာ မမှန်ပါ။
Compilers
တစ်ခြား approach တွေ ကတော့ compilers တွေပါ။ compiler က source code တွေကို အရင် ဆုံး ရယူပါတယ်။ ပြီးတဲ့နောက်တော့ machine code အဖြစ်ဘာသာ ပြောင်းပေးပါတယ်။ ယေဘုယျ အားဖြင့် executable file အဖြစ်ပြောင်းပေးပါတယ်။ “.exe” ဖိုင်ဟာ windows အောက်မှာ execute ဖိုင် ဖြစ်ပါတယ်။ ပရိုဂရမ် တွေကို compilation ပြီးတဲ့ နောက်မှသာ execute လုပ်ပါတယ်။ တကယ်တော့ compilation လုပ်တာ အဆင်မပြေရင် executable မဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ source code တွေ အမှား တစ်ခုခု ပါနေလို့ပါ။
Compiled Language တွေ ရဲ့ အဓိက အားသာချက်ကတော့ အောက်ပါတို့ ဖြစ်ပါတယ်။
  compiled program က တစ်ကယ့် machine code ဖြစ်ပြီး CPU ဆီ တိုက်ရိုက် run ပါတယ်။ နောက်ပြီး လုပ်ဆောင်မှု အလွန် မြန်ဆန်ပါတယ်။
ပြီးတော့် source code တွေကို ဖတ်ခြင်း စီစစ်ခြင်း တွေကို လွယ်လွယ်ကူကူ မလုပ်နိုင်ပါဘူး။ အဲဒါကြောင့် လူတွေက သင့်ကုဒ်တွေကို အလွယ် တကူ ခိုးယူဖို့ မဖြစ်နိုင်ပါဘူး။
• compiled program ဟာ ဘယ် inpterpreter မှ မလိုပါဘူး။
. ဒါက stand-alone program တစ်မျိုး ဖြစ်ပါတယ်။
• Compiled languages တွေဟာ ယေဘုယျ အားဖြင့် interpreted language ထက် ပိုမို ထိရောက် ပါတယ်။
မှားယွင်းမှု အမြောက်အများတွေကို interpreter မှာ ရှာမဖွေ နိုင်ရင်လည်း complie လုပ်တဲ့ အခါ ရှာတွေ့ ပါလိမ့်မယ်။ ဒါပေမယ့်
• source code ကို ဖတ်ကြည့်ခြင်း စီစစ်ခြင်း တွေ မလုပ်နိုင်ပါဘူး။ ပြီးတော့ error တွေကို မဖြေ ရှင်းနိုင် ပါဘူး။
• platform အတော်များများ အတွက် compile လုပ်ဖို့ လိုအပ်ပါတယ်။ ဒါက source code တွေကိ လုံးဝ ပြောင်းလဲ စေလာမှာပါ။
Compiled languages တွေကို  application အတော်များများ မှာ အသုံးပြု ကြပါတယ်။ ဥပမာ - oofice suites (သို့) HTML editors တွေကိုပေါ့။ ဒါတွေက high-speed application တွေအတွက် နည်းလမ်း တွေဖြစ်ပါတယ်။ ဥပမာ - 3D games or Photo တွေပေါ့။ အကျော်ကြားဆုံး ဖြစ်တဲ့ Compiled language တွေကတော့ C နဲ့ C++ ဖြစ်ပါတယ်။

0 comments:

Post a Comment

အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Web Informer Button
Related Posts Plugin for WordPress, Blogger...