Pages

Monday, October 24, 2011

Getting Started in C++ ( မြန်မာလို ) - အပိုင်း - ၂

http://www.codercaste.com/wp-content/uploads/2011/02/cplusplus.jpg

     ယေဘုယျ အားဖြင့် assemblers တွေဟာ programming လွယ်ကူဖို့ အတွက် ခွင့်အရေး အနည်း ငယ် ပေးပါတယ်။ ဒါပေမယ့် programming ကတော့ ခက်ခဲမှု ရှိနေဆဲပါပဲ။ assembler ကို သုံးပြု ပြီး programming ဆောင်ရွက်ဖို့ ကျိုးစားတာဟာ အလွန် ဆိုးဝါးတဲ့ စိတ်ကူးဆိုတာ သေချာပါတယ်။ နှစ်မျိုး စလုံးမှာတော့ များစွာသော ကျွမ်းကျင်မှုလိုအပ်ပါတယ်။




 
.. High-Level Languages
ဒီနောက်ပိုင်းမှာတော့ high-level languages တွေ ရှိလာပါတယ်။ ထောင်ချီ မရှိရင်တောင် ရာချီတော့ ရှိပါမယ်။ ဒါတွေအားလုံးကို ဖော်ပြဖို့ တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် အထင်ပြောရ အတော်များများ မှာတော့ လုပ်ဆောင်မှုချင်း တူညီကြပါတယ်။ ဒီနေရာမှာ များသော အားဖြင့် အသုံးပြုတဲ့ ဘာသာစကားဟာ အင်္ဂလိပ်အဖြစ် တူညီကြပါတယ်။ ( ဒါမှ မဟုတ်လည်း တစ်ခြား ပြောဆိုနေတဲ့ ဘာသာ စကားပေါ့။ ဒါပေမယ့် အင်္ဂလိပ်စကားကတော့ ရှင်းရှင်းလင်းလင်း လွှမ်းမိုးလျှက်ပါ။ ) ဒါက machine code အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ စာဖတ်သူက မေးလာခဲ့မယ် ဘယ်အချက်လဲပေါ့။ ဥမာ - BASIC command
PRINT“HELLO”
အဲဒီ ကုဒ်က screen ပေါ်မှာ HELLO လို့ ဖော်ပြပေးပါလိမ့်မယ်။ ပါဝင်နေတဲ့ စာသား အစီအစဉ်ဟာ .. မှာ ပြထားတဲ့ assembler code နဲ့ တူညီတာကို သတိပြုပါ။ မှတ်ထားစရာ နည်းနည်းလေး ရှိတာက Computer ဆိုတာ ဘယ်နေရာမှာ ကြည့်ကြည့်  1 နဲ့ 0 တို့ရဲ့ ဖွဲ့စည်းပုံ(form) ထဲမှာပဲ ရှိပါတယ်။ ဒီနှစ်ခု ထက် များ တာ နည်း တာ အဲဒီလို လုံးဝမဖြစ်ပါဘူး။ ဒါဟာ စာဖတ်သူ ဘာဆိုသလဲ ဆိုတာကို မဖတ်ပါဘူး။ ဘာပြော သလဲ ဆိုတာကို လုပ်ဆောင်တာပါ။ ပြီးတော့ သူထဲမှာ ဘယ်အမှားအယွင်းကိုမှ သူက လက်မခံပါဘူး။
ဥပမာ -

PRINT] "Hello"
အထက်ပါအတိုင်း ရေးထားရင်တော့ execute လုပ်မှာ မဟုတ်ပါဘူး။ ဒါဟာ မြင်လွယ်တဲ့ စာရိုက်မှားခြင်း ] ဖြစ်ပါတယ်။ ကွန်ပျူတာက ဘာဖြစ်ဖြစ် ခွင့်မလွှတ်ပါဘူး။ တကယ်လို့ command တစ်ခုဟာ PRINT] ဆိုတာ ပါဝင်နေရင် တစ်ခုခုကို ဖော်ပြပေး ပါလိမ့်မယ်။ လာလို့လဲဆိုတော့ စာဖတ်သူခိုင်းလိုက်တာ ဘာလဲ ဆိုတာကို ကွန်ပျူတာ နားမလည်လို့ပါ။ ဒါပေမယ့် high-level programming language တွေကတော့ Assemblers နဲ့ machine code တွေထက် အသုံး ပြုရ လွယ်ကူ ရုံတင်မဟုတ်ဘဲ တစ်ခြား အရေးသာမှု တွေကိုလည်း တွေ့ရပါတယ်။  CPU architecture အပေါ် မမှီခိုပါ။ ဒါပေမယ့် ယေဘုယျ ကျတဲ့ လုပ်ဆောင် မှု ကို အသုံးပြုပါတယ်။( ဥပမာ - +  သင်္ကေတ ကို ပေါင်းခြင်း အတွက် သုံးသလိုပေါ့) ဒါဟာ ပိုပြီးတော့ portable ဖြစ်ပါတယ်။ ဒီအချက်က ဘာကို ဆိုလိုသလဲ ဆိုတော့ ဘယ် အုပ်စု(platforms) အတွက် ဖြစ် ဖြစ် ပြောင်းလဲမှုမရှိပဲ (သို့) အနည်းငယ်သာ ပြောင်းလဲ ပြီး အသုံးပြုတာပါ။ ဒီနေရာမှာ ပြဿနာ တစ်ခု တော့ ရှိနေပါသေးတယ်။ source code လို့ခေါ်ပြီး program  ဘာသာ စကားတစ်ခုခု နဲ့ရေးထားတဲ့ program ကို သေချာတဲ့ platform အတွက် machine code ကို ဘယ်လို ဘာသာပြန်ပေးမလဲ ဆိုတာပါ။ ဒီနေရာမှာ အဓိက အားဖြင့် ဖြေရှင်းချက် ( ) ခု ရှိပါတယ်။ နှစ်ခု စလုံးမှာ သူတို့ ရဲ့ အားနည်းချက် အား သာချက်တွေတော့ ရှိကြပါတယ်။

0 comments:

Post a Comment

အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Web Informer Button
Related Posts Plugin for WordPress, Blogger...