မေး - ကျွန်တော့် iPad ကို ကျွန်တော် နှစ်သက်မိပါတယ်။ ကျွန်တော်ထင် တယ် kindle ထက်တော့ အမြဲတမ်း ပိုကောင်း နေလိမ့်မယ်ဗျာ။ ပြီးတော့ Game ကစားတာ ၊ အင်တာနက် သုံးတာ တွေရောပေါ့။ ဒီလိုပဲ ကျွန်တော့် iPad ထဲမှာ E-book လည်း ဖတ်ချင်မိတယ်။ ဒါပေမယ့် ကျွန်တော်က iTunes ကနေ တစ်ဆင့် စာအုပ် မဝယ် ချင်ဘူး။ စာအုပ်က ဈေးကြီးတယ်လေ။ အခမဲ့ ဝန်ဆောင်မှုဖြစ်တွဲGoogle book နဲ့ တစ်ခြား ဝန်ဆောင်မှု တွေ ဆီကနေ ယူပြီး ကျွန်တော့် iPad မှာ ဖတ်လို့ရနိုင်ပါသလား?
"GET IT NOW" ဆိုတာကို နှိပ်လို့ ရပါတယ်။ ဒါပေမယ့်သူက google reader app အတွက်ပဲ အလုပ်လုပ် ပါတယ်။ ကတယ်တော့ ဒီနည်းလမ်းက ကျွန်တော်တို့ ရှာဖွေ နေတဲ့ နည်းလမ်းမဟုတ်ပါဘူး။ "Read on your device" ကို ကလစ်ပြီး အနည်းငယ် အောက်ဆွဲချပါ။ အဲဒီနောက်တော့ . . .
Download လုပ်လို့ ရနေပါပြီ။ PDF က အရမ်းလှပပြီး အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အစက ပြုလုပ်မယ်ဆိုတဲ့အတိုင်း EPUB format နဲ့ပဲ ဒေါင်းကြရအောင်။ ကဲ . . . “Download EPUB” မှာ ကလစ်ပါ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ စက်ရုပ် မဟုတ်ကြောင်း အတည်ပြုပေးဖို့ လိုအပ်တယ်။
သူတို့ပေးတဲ့အတိုင်း နည်းနည်းမှ မလွဲပဲ ရေးထည့်ပြီး "Submit" ကို ကလစ်ပါ။ အဲဒီနောက် စက္ကန့် အနည်းငယ် အကြာမှာ စာအုပ် Download စပါလိမ့်မယ်။
အခု သင့်ကွန်ပျူတာပေါ်က iTunes ကို ဖွင့်ပါ။ ပြီးလျှင် ပုံပါအတိုင်း .epub ဖိုင်ကို Book သို့ ဆွဲထည့်လိုက်ပါ။
အေးဆေးလေးပါပဲဗျာ။ iTunes ထဲမှာ category တော့ မမှားပါစေနဲ့။ စာအုပ်ဖြစ်တဲ့အတွက် Book မှာ ထည့်ပေါ့။
အခုဆိုရင် သင့် iPad ထဲကို ဒီ စာအုပ်ဖြစ်ဖြစ် တစ်ခြား .epub ဖိုင် ဘာပဲဖြစ်ဖြစ် အလွယ်တကူ ရယူ နိုင်ပါပြီ။ iPad ကို Commputer နဲ့ ဆက်သွယ်လိုက်ပါ။ iPad တက်လာပြီဆိုရင် Book ဆိုတဲ့ tab ကို ကလစ်ပါ။
မှတ်ထားစရာက Sync Book ကို enable ပေးထားဖို့လိုပါတယ်။ ဒါက သူ အသက်ဝင်ဖို့ပါ။ ကျွန်တော်က ကျွန်တော့် iPad မှာ အမြဲတမ်း Sync မှာပဲထားတယ်။ ဒါပေမယ့် သင်က Frankenstein ဒါမှဟုတ် တစ်ခြား စာ ကိုသာ select လုပ်ချင်တယ် ဆိုရင်တော့ Selected books ကို ရွေးထားရမှာပါ။
သင်က sync ဖြင့် iPad နှင့် computer အားတွဲထားလျှင် ၎င်းက စာအုပ်သစ်ကို သင့် iPad သို့ ပြောင်းရွေ့ပေးပါလိမ့်မယ်။ ဒါပေမယ့် iPad ရဲ့ Home page မှာတော့ တွေ့ရမှာ မဟုတ်ပါဘူး။ ဖွက် ထားပေးမှာ ပါ။ iBooks မှာ ရောက်နေမှာပါ။ ဒါပေမယ့် အဲဒါကို ဖွင့်ကြည့်ရင် အဆင်ပြေပါတယ်။
ရှင်းရှင်းလင်းလင်းနဲ့ သင့် Apple iPad မှာ ဖတ်ရှုနိုင်ပါပြီ။
အလွန်ပဲ အဆင်ပြေပါတယ်။ ကဲ.. . . . ဖတ်ကြည့်လိုက်ကြစို့။
Source : http://www.askdavetaylor.com/
ကိုယ်ချင်းစာသူ
kochinsarthu@gmail.com
0 comments:
Post a Comment
အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။