Pages

Sunday, October 23, 2011

ဝန်ဆောင်မှု ကောင်းတဲ့ အင်တာနက်ဆိုင်ဆိုတာ . . .

 http://www.ekhwan.com/images/internet-marketing.jpg



ဝန်ဆောင်မှုကောင်းဖို့ လုပ်ငန်းတိုင်းမှာ လိုအပ်မယ်ထင်ပါတယ်။ အဲဒီလိုပဲ မြန်မာ ပြည်မှ ခေတ်နေဆဲ ဖြစ်တဲ့ အင်တာနက် ဆိုင် လုပ်ငန်းမှာ လည်း ဝန်ဆောင်မှု လိုအပ်မှာ ဧကန်မုချပါပဲ။ ဒီနေ့ တွေ့နေရတဲ့( ကျွန်တော် ရောက်ဖူးသမျှ) အင်တာနက်တွေရဲ့ ဝန်ဆောင်မှုတွေ က မတူညီ ကွဲလျက်ရှိပါတယ်။ တစ်ချို့ ဆိုင်ဆိုရင် တစ်ခါ သွားပြီးတာ နဲ့ တစ်သက်လုံးပြန်မသွားချင်လောက်အောင်ပါ။ အစစ အရာရာ အဆင်ပြေတဲ့ ဆိုင်ရှိသလို ၊ အစစအရာရာ အဆင်မပြေတဲ့ ဆိုင်လည်း ရှိတာ တွေ့ရပါတယ်။

လူမှု ဆက်ဆံရေး နဲ့ သုံးရတာ အဆင်မပြေပြေပေါ့။
တစ်ချို့ ဆိုင်တွေမှာ စက်က တော်တော် နိမ့်ပါတယ်။ စက်ဟန်းတာတွေလည်း မကြာခဏတွေ့ကြုံရပါတယ်။

=
အနိမ့်ဆုံးသော လိုက်နာဆောင်ရွက် ရန် အချက်များ


အကောင်းဆုံး ဝန်ဆောင်မှု နဲ့ ပြည့်ဝတဲ့ ဆိုင်ဖြစ်ဖို့ . . .
- User တွေကို ပျူငှါစွာဆက်ဆံပါ။
- အခြေခံ လိုအပ်တဲ့ Software တွေ ထည့်သွင်းထားပါ။
( Photoshop , Pagemaker , MS Office Word , . . etc  . .)
- အနည်းဆုံး ဝန်ထမ်း ( ၃ ) ခန့်ထားရပါမယ်။
အချိန်ပြည့် (၂) ယောက်ပေါ့။
- User တွေကြုံလာတဲ့ အင်တာနက် အသုံးပြုခြင်း ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဝန်ထမ်းပါဝင်ရပါမယ်။
- ဖြစ်နိုင်ရင်တော့ Cafe နဲ့ တွဲ လျှင်ကောင်းပါတယ်။

- User တွေ တစ်ဦးနဲ့ တစ်ဦး အနှောင့် အယှက် မဖြစ်စေရန် စီမံပေးပါ။ ( Game သမားများ အော်ဟစ်ခြင်း)
- လိုအပ်တဲ့ Game တွေကို ထည့်သွင်းထားပေးပါ။
( Flash game မှ . . . . . .)

- အသက်သာဆုံးဈေးနှုန်းနှင့် scan ဖတ်ပေးခြင်း ၊ Print ထုတ်ပေးခြင်း ၊ အခွေ burn ပေးခြင်း  စသည့် ဝန်ဆောင်မှု များပါ ထည့်သွင်း ဆောင်ရွက်ပေးပါ။

- သည်းခံမှု စွမ်းရည် အပြည့်အဝ ရှိသော ဝန်ထမ်းများကိုသာ ရွေးချယ်ခန့်ထားပါ။ 

-----
အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီး ဖြစ်ပါစေ။
kochinsarthu@gmail.com

0 comments:

Post a Comment

အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Web Informer Button
Related Posts Plugin for WordPress, Blogger...