Pages

Wednesday, October 5, 2011

အားပေးစကားလေးပါ။

 http://t1.gstatic.com/images?q=tbn:ANd9GcRABjIO3EU8bDmS8Wd-mg6wz1BE6VSyS667yQQdxZEOGjUb3MHoYhBQ1Vmf


 Web developer ဖြစ်ဖို့ ပဲဖြစ်ဖြစ် မိမိ အတွက် တတ်ထားချင်လို့ လေ့လာ သူပဲဖြစ်ဖြစ် ပထမဆုံး HTML စလေ့လာစေချင်ပါတယ်။ အဲဒါပြီး ရင် CSS လေ့လာစေချင်တယ်။ အဲဒီ အခြေအနေရောက်နေပြီ ဆိုရင်တော့ သိတတ်နားလည် ကျွမ်းကျင်တဲ့သူ ရှေ့  မှာ စာမေးပွဲ ပုံစံဖြေစေချင်တယ်။

http://www.w3schools.com/cert/default.asp လည်းလေ့လာလို့ ရပါတယ်။ ငွေကြေးတော့ လိုအပ်တာပေါ့ဗျာ။ ဒါပေမယ့် တစ်ခု စမ်းသပ်လို့ ရတာကတော့ ကိုယ့်ဘာသာကိုယ် စမ်းလို့ရပါတယ်။

 ဘာတွေလို မလဲဆိုတော့
- html editor ( notepad , notepad ++ ) 
- Photoshop ( CS , CS2-3-4 တစ်ခုခု )

Static website တစ်ခုကို ဘယ်လောက် လှပအောင် ဖန်တီး နိုင်ပြီလဲ ဆိုတာ စမ်းသပ်သင့်ပါတယ်။ HTML , CSS နှစ်မျိုးပဲ သုံးပြီးတော့ပေါ့။ 

ဘယ်လို website မျိုး စမ်းလုပ်မလဲ ?

အဲဒီ website မှာ menu ကို horizontal ( အလျားလိုက်) ထားသင့်တယ်။ ပြီးရင် coloumns တွေကို အနည်းဆုံး သုံး လေးခုလောက်ခွဲပါ။ 

နောက်ခံ ခံကို အမျိုးမျိုး လှပအောင် စီစဉ်ကြည့်ပါ။  

စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် တစ်ယောက်ယောက်ကို ပြကြည့်ပါ။ အနည်းဆုံး ၂ ယောက်လောက်ကို ပြကြည့်ပါ ။ ပြီးရင် သူများ ရေးထားတဲ့ ( အခမဲ့ ) web templates တွေကိ ဒေါင်းပြီး ကိုယ်နဲ့ ဘာကွာသလဲ ဘယ်လို စိတ် ကူး မျိုးကွာသလဲ ဆိုတာ လေ့လာကြည့်ပါ။ 

HTML , CSS နဲ့ တော်တော် လှလှ ပပ လုပ်နေနိုင်ပြီ ဆိုရင်တော့ နောက်တစ်ဆင့် တက်လို့ ဖြစ်ပါပြီ။ အဲဒီ နှစ်ခု သိပ်မပိုင် ပဲနဲ့ ကျော်တက်ချင်ရင်တော့ အမြဲတမ်း အခြေခံ လေ့လာသူ ဖြစ်နေမှာ ကျွန်တော် ကိုယ်ချင်းစာ မိတယ်။ စိတ်ပူမိတယ်။ ကျွန်တော့်လို ဖြစ်မှာကိုပေါ့ :D ။ Web builder ရှိတာလည်း သတိထားပါ။ based on webpage နဲ့ Web builder Software နှစ်မျိုးလုံးတယ်။ သူ့တော့ အားမကိုးပါနဲ့ဗျာ။ ကိုယ်က သိထား ရုံ ပေါ့။ အခြေခံကောင်းလေ အမြင့်ရောက်ရင် ပေါ့ပါးလေးပါပဲ။

`အရမ်းလည်း အားမငယ်ပါနဲ့။ အားမငယ်တတ်လည်း မဖြစ်ပါနဲ့။´

 အဆင်ပြေပါစေ။

ကိုယ်ချင်းစာသူ

0 comments:

Post a Comment

အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Web Informer Button
Related Posts Plugin for WordPress, Blogger...