စစ်တမ်းလည်း မကောက်ဖူးဘူးလေ :D။
သို့ပေမယ့် အဲဒီလိုလူက ကိုယ်မဖြစ်ဖို့တော့ အရေးကြီးတယ်မဟုတ်လား။ အထူးသဖြင့် ဒီ စာကို ဖတ်မိတဲ့သူ ပေါ့။ ဒီထက်နည်းနည်း ပိုချဲ့ပြောရရင် ဒီစာဖတ်မိသူရဲ့ အသိမိတ်ဆွေတွေပေါ့။ ဒီထက်တော့ မချဲ့ ချင်တော့ပါဘူး :D။
"အလုပ်ဟူသမျှဂုဏ်ရှိစွ" ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာ နဲ့ အလုပ်လုပ်ရဖို့က ကိုယ်ကျိုးစားရမှာပဲ။ ဒီနေရာမှာ ပိုက်ပိုက်(ငွေ/အသပြာ)မရှိရင် ပညာရှာလို့မဖြစ်ပြန်ဘူးတဲ့။ ဒါလည်းမှန်နေတာပဲ။
သို့ပေမယ့် ဒီခေတ်မှာ သက်မွေးမွမ်းကျောင်း သင်ယူဖို့ တော်တော်လေးကို အခွင့်အလမ်းရှိလာခဲ့ပါပြီ။
ဘာပညာလဲဆိုတော့ ကွန်ပျူတာအသက်ပညာပေါ့။
ဆယ်တန်းအောင်တော့ ဘာမှ မလုပ်ဖြစ် ၊ ကျောင်းဆက်တက်ဘွဲ့ရ ဘာမှ မလုပ်တတ် မကိုင်တတ်ဖြစ်၊
ကဲ အရွယ်လေးက ရောက်လာနေပြီ . . . ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ . . . အလုပ် လုပ်ရကိုင်ရ မယ်ဟေ့ ဆိုတော့ . . . မြို့တခွင်ပြဲပြဲစင်အောင် လိုက်ရှာ ၊ အဆင်ပြေမယ် ထင်လား . . .
အင်းအဆင်ပြေနိုင်ပါတယ် . . . အရောင်းဝန်ထမ်း ပေါ့(အရောင်းဝန်ထမ်းများအား စော်ကားခြင်းမဟုတ်ပါ)။
ဒါတောင်မှ ရုပ်ရည်ပြေပြစ်မှု ရှိရမယ်။ ရတဲ့ လစာက ၅၀၀၀၀ ကနေ ၈၀၀၀၀ ထိ ရနိုင်ပါတယ်။ ဒါပေမယ့် ပျက်ရက်ရှိနေရင်တော့ ဒဏ်ကြေးဆောင်ရဦးမယ်။ ရန်ကုန်မှာ ဆို လိုင်းကခ နဲ့ စားစရိတ်နဲ့ တွက်သာကြည့်ပေတော့ . . .။
လိုရင်းကို မရောက်တော့ဘူးထင်ပါတယ်။ . . . :D ။