Pages

Monday, October 17, 2011

Getting Started in C++ ( မြန်မာလို ) - အပိုင်း - ၁


စကားချီး
C နဲ့ C++ တို့ဆိုတာ လေ့လာဖို့ သင့်တော်တဲ့ ဘာသာစကား တွေ
မဟုတ်ကြဘူးဆို ယုံကြည်ပါတယ်။
ဒါပေမယ့်
လွယ်ကူတဲ့ ဘာသာစကား ကနေ စပြီး လေ့လာသင့်တယ်။
အဲဒီ နောက်မှာမှ ခက်ခဲတဲ့ ဘာသာစကားကို ဆက်လက်လေ့လာ ရမှာပေါ့။
ဒီလိုပဲ ဒီ စာအုပ်က C++ အတွက် မဟုတ်ပဲ C အတွက် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒီ သင်ခန်းစာ တွေက တော့ အရင်က တစ်ခါမှ Program မရေးဖူးတဲ့ သူတို့ကို ဦးတည်ပါတယ်။
တကယ်လို့များ စာဖတ်သူက ဒီ သင်ခန်းစာ အတွင်းမှာ အမှားတွေ မရှင်းမလင်း ဖြစ်တာတွေ တွေ့ရှိခဲ့ရင်
ကျေးဇူးပြုပြီး arron@isotton.com အားဖြင့် ကျွန်တော့် ဆီ ဆက်သွယ်ပေးပါ။ တစ်စုံ တစ်ခု နား မလည် ခဲ့တာ ရှိခဲ့ရင် ဒါဟာ စာဖတ်သူရဲ့ မှားယွင်းမှု မဟုတ်ဘဲ ကျွန်တော့် အမှားသာဖြစ်ပါတယ်။
 အခန်း ( )
နိဒါန်း
. ပရိုဂရမ် တစ်ခု က ဘယ်လို လုပ်ဆောင်လဲ။
ကွန်ပျူတာ ပရိုဂရမ် တစ်ခု ဆိုတာ အမိန့်စာ(command) စုစည်းထားတာတွေကို တစ်ခုပြီးနောက် တစ်ခု Central Processing Unit(CPU) က execute လုပ် တာကို ခေါ်ပါတယ်။ အဲဒီ command တွေက များသော အားဖြင့် အလွန် ရိုးရှင်းပါတယ်။ ( ဥပမာ - ပေါင်းခြင်း မြှောက်ခြင်း Random Access Memory ( RAM )မှာ ရှိတဲ့ ဒေတာ(data) တွေကို ဖတ်ခြင်း တွေဖြစ်ပါတယ်။) ဒါပေမယ့် ပြီးပြည့်စုံတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက် အဲဒါ တွေကို ပေါင်းစည်းရပါတယ်။ ပုံမှန်အားဖြင့်တော့ Program တစ်ခုမှာ ထောင်ချီကနေ သန်းချီအတထိ အဲဒီရိုးရှင်းပါတယ် ဆိုတဲ့ ကွန်မန်း(command) တွေ ပါဝင်ကြ ပါတယ်။
. Programming ဆိုတာ ဘယ်လို လုပ်ဆောင်တာမျိုးလဲ။
..  Machine Code and Assembler
များသော အားဖြင့် Programming ရဲ့ အခြေခံအဆင့်မှာတော့ Machin code ကို တိုက်ရိုက် ရေးသားခြင်း ဖြစ်ပါတယ်။( CPU အား အမိန့် တစ်ခုသာ ပေးခြင်း) ဒါဟာ အလွန် ခက်ခဲပါတယ်။ ပုံမှန် အားဖြင့်  Modern CPU မှာ Command ရာချီပြီး ရှိပါတယ်။ တစ်ခု နဲ့ တစ်ခု ကလည်း ကွဲပြားတဲ့ အရာ တွေပါ။ မတူညီတဲ့ Properties တွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့် အဓိကကတော့ ဒီ လုပ်နည်း ကိုင် နည်း မှာတွေ့ရတဲ့ ပြဿနာတွေက အမြဲတမ်း တူညီမှုမရှိပါဘူး။ ပြီးတော့ CPU model ကွဲပြားတဲ့ အရ များပြားလှတဲ့ Command တွေနဲ့ စေခိုင်းထားပါတယ်။ မတူညီတဲ့ strengths , weaknesses တွေ ပါဝင် ပါ တယ်။ ဒါက hardware components တွေ အကြား ဘယ်ကွဲပြား တယ်တယ် ဆိုတာကို သိရှိစေမှာပါ။ ပြီး တော့ Operating System(OS) ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ ကိုရောပေါ့။
တစ်နည်း ပြောရရင် machine code ဟာ CPU သာ နားလည် တဲ့ အရာဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ် ပရိုဂရမ်ကို မဆို အသုံးမပြု ခင်မှာ machine code အဖြစ် အရင် ပြောင်းလဲပစ်ရ ပါတယ်။ ဒီနေရာ မှာ တစ်ခု တည်းသောမေးခွန်းကတော့ ကျွန်တော်တို့ ဒါကို ရေးဖို့အတွက် လက်နဲ့ ရေးသားရမလား၊ ဒါမှ မဟုတ် program တစ်ခုခု ကို သုံးရမလား ဆိုတာပါပဲ။ machine code ရေးသားခြင်း ဆိုတာက binary1 ကို တိုက်ရိုက် ရေးသားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် text တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းဟာ ကီးဘုတ်ပေါ်မှာ ရေးသား ရတဲ့ အပိုင်းမှာ အလွန်ငြီး ငွေ့ဖွယ်ဖြစ် ပါတယ်။ အဲဒီနောက်ပိုင်း လူသားတွေက text ရေးသားပြီးနောက်မျ binary အဖြစ် ပြောင်းဖို့ အဓိက ထားလာကြပါတယ်။ ဒီနည်း က တစ်ချိန် တုန်းက ထင်ရှားကျော်ကြား အသုံးများခဲ့ါပတယ်။ ( အဲဒီ အချိန်တုန်းက ဆိုရင် Programming အတွက် တစ်ခုတည်းသော နည်းဖြစ်ခဲ့တယ်။) အခုတော့လည်း ဒီနည်းကို တော်တော်များများ မေ့နေကြပါပြီ။
Programming ထဲမှာ , “binary” ဟာ ဆိုချက် နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ အစဉ်အလာ အတစ်ခုဖြစ်ပါတယ်။ ဆိုလို တာက binary system(0 နဲ့ 1 ) တို့ကို အသုံးပြုခြင်း ကို ဆိုလိုပါတယ်။ ဒုတိယ တစ်ခု ကတော့ ပထမ တစ်ခု ကနေ ရရှိလာတာ ကို text ဖိုင် မဟုတ်ပဲ အသုံးပြုတာပါ။( ဥပမာ - JEPG , MP3 ) ဒါကို binary လို့ခေါ်ပါတယ်။
Assembler ဆိုတာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် text တွေနဲ့ပြည့်နေတဲ့ ပြည့်နေတဲ့ machine code ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ သင်မှတ်မိနေဖို့ လိုတာကတော့ command တစ်ခု ဆီရဲ့ number တွေကို မှတ်မိနေဖို့ပါ။ ဘယ်ကိုလဲဆိုတော့ မတူညီတဲ့ command တွေ အတွက် သုံးထားတဲ့ နာမည် တွေ ကိုပေါ့။ ဒါပေမယ့် CPU တွေကတော့ ကွဲပြားတဲ့ commands တွေ ရှိနေဆဲပါ။ ဒါကြောင့် စာဖတ်သူက machine code ကို တာရိုက် ရေးသားခြင်းနဲ့ ပတ်သက်ပြီး တူညီတဲ့ ဗဟုသုတုတွေ ရှိနေဖို့ လိုအပ်ပါတယ်။ Assembler တော့ high-speed code ကို ရေးသားရာမှာ (သို့) Operating system အတွက် အနှစ်ချုပ် (kernel) အဖြစ် (သို့) system တွေကို embed လုပ်တဲ့နေရာတွေမှာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နေဆဲ ဖြစ်ပါတယ်။ ( ဒီနေရာမှာ Hardware က တာရိုက် access လုပ်ပါတယ်။ Assembler က Plain text ဖြစ် သလို CPU က execute မလုပ်နိုင်ပါဘူး။ ဒါကြောင့် အရင်းဆုံး machine code အဖြစ် ပြောင်းလဲ ပေးဖို့ လို အပ် ပါတယ်။ ဒီနေရာမှာ Assembler လို့ ခေါ်တဲ့ Program ကို အသုံးပြုခြင်း ဆိုတာ ပြီးပြည့်စုံသွားပါပြီ။
စာဖတ်သူကို အိုင်ဒီယာ ပေးဖို့ အတွက် ကုဒ်နည်းနည်း ဖော်ပြလိုက်ပါတယ်။ အနည်းနဲ့ အများ အောက်ပါ ကုဒ်( code ) တွေနဲ့ တူညီပါတယ်။
pushl %ebp
movl %esp,%ebp
subl $20,%esp
pushl %ebx
movl $2,-4(%ebp)
movl -4(%ebp),%eax
leal 1(%eax),%edx


ကိုယ်ချင်းစာသူ

0 comments:

Post a Comment

အခုလို ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Web Informer Button
Related Posts Plugin for WordPress, Blogger...